Monday, October 15, 2012

ပိတ်ထားတဲ့မျက်လုံးလေးတွေ ဖွင့်ကြည့်ကြစေချင် (နန်းခင်ဇေယျာ )



မနေ့က Miss International 2012 ပြိုင်ပွဲရဲ့ People Choice award ကို နန်းခင်ဇေယျာ ရရှိဖို့အတွက် မြန်မာပြည်က အင်တာနက်သုံးစွဲသူအားလုံး လှိုက်လှဲစွာ Vote တွေပေးကြတာတွေ့တော့ မြန်မာတစ်ယောက်အနေနဲ့ရော နန်းခင်ဇေယျာကိုအားပေးနေတဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော ကျွန်တော် ၀မ်းသာမိတယ် ။ Miss International ပြိုင်ပွဲဆိုတာ အလှအပသာမက အဆင့်အဆင့် Personality , Intelligence , culture စတာတွေကိုပါ ယှဉ်ပြိုင်ရတာဖြစ်ပါတယ် ။ အခုဆောင်းပါးလေးဖြစ်တာကလည်း မနေ့က နန်းခင်ဇေယျာပုံအောက်မှာ ရေးထားတဲ့ကွန်းမန့်တစ်ချို့ကို ပြန်လည်ပြောပြ ချင်တဲ့အတွက် ချရေးလိုက်ခြင်းဖြစ်ပါတယ် ။ မနေ့က နန်းခင်ဇေယျာရဲ့ Bikini နဲ့ပုံတစ်ပုံ (အမှန်ဆို နောက်တစ်ပုံလည်းရှိပါသေးတယ် )