Wednesday, May 30, 2012

Firefox Browser ကို တစက္ကန့် နဲ့ ဖွင့်ရအောင်




အင်တာနက် အသုံးပြုဖို့အတွက် ရှိသမျှ Browser တွေထဲမှာ ကျနော်ကတော့ Firefox   Browser ကို အကြိုက်ဆုံးပါပဲ .. ဒါပေမဲ့ဗျာ... မကြိုက်တာ တစ်ခုကတော့  သူ့ကိုဖွင့်ရင်  တော်တော်နဲ့ Browser ကတတ်မလာဘူး... ၃/၄ မိနစ်  လောက်ထိကြာတဲ့  အခါမျိုးတောင်ရှိပါတယ်...တခါတလေဆိုရင် Firefox က  ပွင့်ကိုမလာတော့လို့ တခြား Browser တွေကို မသုံးချင်ပဲ လှဲ့ပတ်သုံးရပါတယ်...။
ဒါနဲ့ .....နည်းလမ်းဆိုတာ ရှိကိုရှိရမယ် ဆိုပြီး ပတ်မွှေလိုက်တော့... .. တွေ့ပြီဗျာ... နာမည်က Firefox Preloader တဲ့စမ်းသုံးကြည့်လိုက်တော့ တကယ့်  အမှန်အကန်ပါပဲ တစ်စက္ကန့် တောင်မကြာဘူး တစက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ လောက်ပဲကြာတယ် ...
Firefox ကို သုံးရတာ ခုမှဘဲ စိတ်ချမ်းသာတော့တယ်ဗျာ....:)
သူငယ်ချင်းတို့လည်း Firefox Browser ကို ဖွင့်လိုက်လို့ တော်တော်နဲ့  တတ်မလာပဲ  ဂျစ်ကန်ကန် လုပ်နေရင် ဒီ Firefox Preloader
လေးနဲ့ ခတ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်ပါ...:D
 
Firefox Preloader ကို ဒေါင်းယူပြီး Run ပေးလိုက်ရင် အပေါ်ကပုံလေးထဲကလို Taskbar မှာ ရောက်လာပါလိမ့်မယ်.. အဲ့ဒီရောက်လာတဲ့ Firefox Logo လေးကို Double Click လိုက်မယ်ဆိုရင် Firefox Browser ဟာ တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ ဆိုတဲ့  အချိန်လေးမှာ  ဖျက်ခနဲ ပွင့်လာမှာပါ...:)
(ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်)
                                                                 Download
                                       http://www.mediafire.com/?8votpdche4zthhd
                                     ကိုဝင်းကမ္ဘာကျော(် နည်းပညာမှကူးယူမျှဝေသည်)


 စိတ်ကြွဆေးပြားများဖြင့် မိန်းကလေးများကိုလိုက်လံဖျက်ဆီးနိုင်သောဆေးဝါးများထွက်ရှိ

 သတိထားစရာညီမလေးများအတွက် လူတိုင်းကိုမယုံကြည်ဘို့ ယုံကြည်မိလျှင်တော့အချိန်မှီမည်
မဟုတ်ပေ သတိထားနိုင်စေရန် ကူးယူတင်ပြလိုက်ပါတယ် ။မိန်းကလေးများသတိထားနိုင်စေရန်
အတွက်သာရည်ရွယ်ပါသည် အခြားမည်သည့်ရည်ရွယ်ချက်မှမရှိပါကြောင်းကြိုတင်အသိပေးအပ်
ပါသည်.။

 

ညီမငယ်လေးများ မစားမိရန် အထူးသတိထား ရှောင်ရှားရမည့် စိတ်ကြဆေးလေးပါ၊
ကျွန်နော်ကစာကိုလဲဖွဲ့နွဲ့ပြီးမပြောတော့ပါဘူး၊ သေချာရှင်းပြပြောပြနေရရင်လဲမလိုအပ်တဲ့စကားလုံးတွေလဲပါလာမယ်ဒါကြောင့်လိုတိုရှင်းဘဲရေးပေးလိုက်ပါတယ်၊ဘာကိုဆိုလိုတယ်ဆိုတာညီမငယ်များသဘောပေါက်ကြပါလိုက်မယ်၊ညီမငယ်များရဲ့ဘဝကိုပျက်စီးစေမဲ့စိတ်ကြွဆေးတစ်မျိုးပါ၊ ဆေးဆိုပေမယ့် စားရင်ပီကေနဲ့အရသာတူတူဘဲလို့ ပြောကြရေးကြတာ ကြားဘူးဖတ်ပါတယ်၊ ညီမငယ်များအထူးသတိထားရမဲ့အရာလေးပါ၊ဘယ်သူကဘဲကျွေးကျွေးမစားမိပါစေနဲ့၊အထူးသဖြင့်ညီမငယ်များယုံကြည်အားကိုးတဲ့ချစ်သူရည်းစား ကိုကို မောင်မောင်များ က ကျွေးလာလျှင်

ပိုပြီး သတိထား ရှောင်ရှားနိုင်ရန် တင်ပြပေးလိုက်တာပါ၊ စားမိလျှင်တော့ ကာမကိုခိုးယူလို့ မိမိဘဝပျက်ပြီလို့ဘဲ သတ်မှတ်လိုက်ပါ။
 Myanmar Express 
 

No comments:

Post a Comment