Saturday, April 14, 2012

အဝေးဆုံးမှတမ်းတရသူ


♣♥♣ ရင်ထဲက ငိုရှိုက်သံ ♣♥♣

ချစ်သူရယ်...
နီးစပ်ဖို့အတွက်ခွဲခွာ
ခဲ့ရပေမယ့်
အချိန်တခုဆိုတဲ့
အတိုင်းတာဟာ
မောင့်စိတ်ကို
သွေးတိုးစမ်းနေသလိုလိုပဲ.။

လူချင်း ဝေးနေပေမယ့်
နှလုံးသားချင်း နီးနေရင်
အချစ်တွေခိုင်မြဲတယ်ဆိုတဲ့
 နှစ်သိမ့်စကားက
မောင့်ရင်ထဲက အလွမ်းဓါတ်တွေကို
အနယ်မထိုင်စေနိုင်ဘူး..။

မေ နဲ့ အနေနီးခဲ့စဉ်က
မောင့် ရဲ့စိတ်ကို မစမ်းစစ်ခဲ့မိဘူး
အလွမ်းအဆွေးဆိုတဲ့ အသုံးနှုန်းကို
ပျက်လုံးလိုဆော့ကစားခဲ့တဲ့ မောင်
မေ့ ကိုလွမ်းလို့
ရင်ထဲမှာ ငိုရှိုက်သံ သဲ့သဲ့လေးနဲ့
နေညိုချိန်တိုင်းကို မျှော်ငေးနေမိတယ်..။

အို..........
ထူးဆန်းလွန်းတဲ့ ကံကြမ္မာကြီးရယ်
ကျွန်တော့်ရင်ထဲက
ဂိန်မာန် နွေကို
ဟေမာန်ဆောင်း အသွင်
ကူ၍ ကူးပြောင်းပေးပါလော့..။..။

No comments:

Post a Comment