Saturday, April 14, 2012

နားလည်မှုဖြင့်ဘ၀ခရီးလျှောက်လှမ်းနိုင်စေ


 အချစ်ကိုကပျက်ကချော်ဆော့မကစားပါနှင့်...

ငါတို့ ကတိတစ်ခုပြုကြရအောင်...
ရန်တွေဖြစ်ကြလည်း တစ်ယောက်ရဲ့ဖုန်းကို တစ်ယောက်ကိုင်ကြေး.
ရန်တွေဖြစ်ကြလည်း ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ကြေး
ရန်တွေဖြစ်ကြလည်း လွယ်လွယ်နဲ့ လမ်းခွဲစကားမပြောကြေး
ရန်တွေဖြစ်ကြလည်း ကိုယ့်ကိုယ်ကို မထိခိုက် မနာကျင်ကြေး
ရန်တွေဖြစ်ကြလည်း တစ်ယောက်ကိုတစ်ယောက် လက်မလွတ်ကြေး

ရန်ဖြစ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုပြောပါ
တစ်ယောက်အပေါ်တစ်ယောက် အထင်မှားတယ်ဆိုတာ ခဏသာ ဝမ်းနည်းကြေကွဲမှု
တစ်ယောက်ကိုတစ်ယောက် လက်လွတ် လွဲချော်သွားရင် ထာဝရ ဝမ်းနည်းကြေကွဲမှု

တကယ်လို့ သူ့ကို သင်တကယ်ချစ်ရင်
သူ့အပေါ် နွေးနွေးထွေးထွေးဆက်ဆံပါ
တကယ်လို့ မချစ်ဘူးဆိုရင်
မချစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောပါ
အချစ်ကို ကပျက်ကချော် ဆော့မကစားပါနှင့်။
အချစ်အကြောင်းကျနော်နားမလည်ပါဘူး
ဒါပေမဲ့ဒီစာသားလေးတွေကိုတော့စိတ်
ထဲကအလိုလိုနှစ်သက်နေမိတယ်။
လက်တွေလိုက်နာနိုင်ရင်တော့
အကောင်းဆုံးပေါ့နော်။


နိုင်းနိုင်းစနေ

No comments:

Post a Comment