Saturday, April 14, 2012

အော် လတန်ခူးရောက်လာပြန်ပြီပေါ့

 လတန်ခူးရောက်လာပြန်ပြီဆိုတော့လည်းပျော်တဲ့သူတွေပျော်လို့မော်နိုင်တဲ့သူတွေကလည်းမော်လို့ပေါ့ တစ်ချိ့ကျကြပြန်တော့တရားစခန်းဆီသွားပြီးတရားဘာဝနာပွါးများလို့ကုသိုလ်ယူတဲ့သူကယူ တရားနာ တရား
ထိုင်းရင်းရဲ့တစ်နှစ်တာရဲ့ကုန်ဆုံးချိန်ကိုကုသိုလ်တွေပြုပြီးကုန် ဆုံးမယ်လို့သံဒိဋ္ဌာန်ချတဲ့သူကချလို့ပေါ့  တစ်ချို့
ကျပြန်တော့လည်းဒီတစ်နှစ်မှာဒီရက်ပဲလွတ်လွတ်လပ်လပ်ပျော်ခွင့်ရတာဆိုပြီးအသကုန်လွှတ်ပြိးပျော်နေကြာ
တာပေါ့  ဟိုးတုန်းစာဆိုတော်ကြီးဦကြော့ပန်းပိတောက်နဲ့ပတ်သက်တဲ့စာချိုးခေါ်မလား ကဗျာခေါ်မလားမသိတဲ့
စာသားလေးရင်ထဲတိုးဝေ့လို့လာခဲ့ပြန်ပြီကောလေ..

ပန်းပိတောက်မင်း

လတန်ခူးပေမို့ ၊ အလှထူးပါဘိ ၊ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့် ၊ ဘယ်ပန်းသော် စံမတူဘု ၊ နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ် ၊ အေးရိပ်ဆာယာ။

တနှစ်တွင် သည်တလသာပ ၊ တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ၊ ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်းလွင်ထန် ၊ ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့် ၊ ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင် ၊ လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု ၊ ပန်းပိတောက်မင်း ။ ။ ( ဦးကြော့)

ခေတ်တွေဘယ်လိုပြောင်းပြောင်းဒီစာသားလေးတွေ ကတော့ဘယ်တော့မှရိုးသွားမှာ
မဟုတ်ပါဘူးလေ။အော် မကြာခင်ရက်ပိုင်းအလိုမှာ တစ်နှစ်တော့ဖြင့်ကြီးပြန်ပြီကောနော်။ 
ကိုယ်ဝန်ကိုယ်ထမ်းကိုယ်လမ်းကိုယ်လျှောက်ကြရအုံးမှာပါလားလေ။

No comments:

Post a Comment