Friday, April 13, 2012

လွတ်အောင်ပြေးသူနဲ့မိအောင်ဖမ်းသူ(နည်းပညာအစွမ်း)


Anonymous Hacked CIA website

အမေရိကန် နိုင်ငံ၏ အကြီးဆုံး ထောက် လှမ်းရေး အေဂျင်စီ ဖြစ်သည့် စီအိုင်အေ၏ ဝက်ဆိုက်မှာ ဟက်ကာ အုပ်စု တစ်ခု ဖြစ်သည့် Anonymous ၏ ထိုးဖောက်မှုကို ခံလိုက်ရကြောင်း သိရသည်။ ၎င်းတို့မှ ပြောရာ၌ စီအိုင်အေ ဝက်ဆိုက်ကို ဝင်ထွက်၍ မရနိုင်အောင် ပိတ်ပစ် နိုင်ခဲ့ပြီ ဖြစ်သည်ဟု သောကြာနေ့က ကြွေးကြော် လိုက်ခြင်း ဖြစ်သည်။

Anonymous အဖွဲ့ဝင် တစ်ဦးမှ ၎င်းတို့၏ Twitter စာမျက်နှာ ထက်တွင် Tango Down ဟု အမည်ရသည့် စာကို ရေးသားခဲ့ပြီး ယင်းအသုံးအနှုန်းမှာ အမေရိကန် အထူး တပ်ဖွဲ့များမှ ရန်သူများကို တိုက်ခိုက် နိုင်ချိန်တွင် အချင်းချင်း သတင်း ပို့သည့် စာတစ်မျိုး ဖြစ်ပြီး Anonymous အဖွဲ့မှာ ယင်းသို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

ယခုလို ဖြစ်ရပ်နှင့် ပတ်သက်ပြီး သောကြာ နေ့က အဆိုပါ ဝက်ဆိုက်မှာ အချိန်အတော် ကြာအောင်ပင် ဝင်၍ မရနိုင်ခဲ့ကြောင်း သိရသည်။ Anonymous အဖွဲ့ မှာ အမေရိကန် နိုင်ငံ၏ တရားရေး အဖွဲ့ ဝက်ဆိုက်နှင့် FBI ဝက်ဆိုက် တို့ကိုလည်း ဟက်လုပ်ခဲ့ ဖူးသည့် သာဓက ရှိခဲ့ဖူးကြောင်း သိရကာ အမေရိကန် အစိုးရမှ သတ်မှတ် ခဲ့သည့်  SOPA, PIPA နှင့် အွန်လိုင်း မူပိုင်ခွင့် ဥပဒေများနှင့် ပတ်သက်ပြီး ဆန့်ကျင်ကြောင်းကို ပြသခဲ့ပြီး ဖြစ်သည်။ ယခုလို ဖြစ်ရပ်နှင့် ပတ်သက်ပြီး စီအိုင်အေမှ လတ်တလော ဝေဖန်ချက် ပေးရန် ငြင်းဆန် ထားကြောင်းလည်း သိရသည်။ 

 

အင်တာနက် Hacker အဖွဲ့ Anonymous ခေါင်းဆောင်ကို ဖမ်းလိုက်ပြီ

Anomymous- အမည်မသိလို့ခေါ်တဲ့ နိုင်ငံတကာ ကွန်ပြူတာကွန်ယက် ဖောက်ထွင်းရေးအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တချို့ဟာ အခုတော့ အမည်မသိတွေ မဟုတ်ကြတော့ပါဘူး- အမည်တွေ ပေါ်ကုန်ပါပြီ။
ကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ (Hacker) ဇေဗီယာ မွန်ဆေးဂူးလ် (Xavier Monsegur) အပါအဝင် ထိပ်တန်းကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ ၆ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်တဲ့အကြောင်း နယူးယောက် အာဏာပိုင်များက အင်္ဂါနေ့မှာ အသိပေး ကြေညာပါတယ်။
ဟက်ကာများကို ဖမ်းဆီးနိုင်ဖို့အတွက် ဟက်ကာနာမည်ဝှက် ဆာဘူး (Sabu) လို့ သိကြတဲ့ ဇေဗီယာမွန်ဆေးဂူးလ်က အာဏာပိုင်များနဲ့ ပူးပေါင်းကူညီမှု ပေးခဲ့တယ်လို့ အာဏာပိုင်များက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဇေဗီယာမွန်ဆေးဂူးလ်ဟာ ကွန်ပြူတာများ ဖောက်ထွင်းခဲ့တဲ့အကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။


အခုအခါမှာ ဒေါ်လာ ၅ သောင်းတန်တဲ့ အာမခံနဲ့ အပြင်မှာ ရှိနေပါတယ်။ ဧရာမ credit (အကြွေး) ကဒ် ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ဗီဇာနဲ့ မာစတာကဒ်တို့ကိုလည်းကောင်း၊ ကွန်ပြူတာကတဆင့် ငွေချေမှု ဝန်ဆောင်လုပ်ငန်း Paypal ကိုလည်းကောင်း၊ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ယီမဲန်၊ ဇင်ဘာဘွေ အစိုးရတွေနဲ့ အမေရိကန်ဆီးနိတ် ကွန်ပြူတာစနစ်တွေကို ဖောက်ထွင်းခဲ့တဲ့အကြောင်း ဇေဗီယာ မွန်ဆေးဂူးလ်က ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။
တခြား ဟက်ကာအုပ်စုတွေဖြစ်ကြတဲ့ Lulz Security နဲ့ Internet Feds မှာလည်း မွန်ဆေးဂူးလ်ပါဝင်ခဲ့ကြောင်း ရုံးတော်ကိုတင်တဲ့ စာရွက်စာတန်းများမှာ ပါဝင်ပါတယ်။




from...VOA. and http://mmtoday.blogspot.com/


 

No comments:

Post a Comment