Saturday, March 24, 2012

လွမ်းနေလို့

လွမ်းနေလို့ဆိုတဲ့စကားလေးကိုစကြားရတဲ့သူတွေမှာ နှလုံးသားအချစ်နဲ့သာပတ်သက်နေမယ်လို့တွေးထင်နိုင်
ပါတယ်။ကျနော်ကဒါကိုသာဆိုလိုတာမဟုတ်ပဲ ကျနော်တို့ဖတ်ခဲ့ဖူး တဲ့စာအုပ်တွေ ကြားခဲ့ဘူးတဲ့စကားတွေ
မြင်ခဲ့ဘူးတဲ့အရာတွေ ရောက်ခဲ့ဘူးတဲ့နေရာတွေစားခဲ့ဘူးတွေအရာတွေစသည်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးလွန်ခဲ့ဆယ်နှစ်ဝန်ကျင်က
ကျနော်နဲ့အတူသူငယ်ချင်းတွေအပါအ၀င်မေမြို့လို့ခေါ်တဲ့ပြင်ဦးလွင်ကိုရောက်ဖြစ်ခဲ့ကြတယ်ဆိုပါတော့။ခရီးသွား
ဘို့ပျင်းတတ်တဲ့ကျနော်ဒီတစ်ခါတော့တော်တော်လေးကိုပျော်ခဲ့တယ်လေ။စိတ်တွေကိုပေါ့ပါးသွားလို့အိမ်မှာဆို
အသက်ရှူမွန်းကြပ်တယ်လေ။အပြင်ရောက်တော့လူလည်တော်တော်လေးကိုလန်းဆန်းသွားတာပေါ့။သူငယ်
ချင်းတွေဆိုတော့သိတယ်မဟုတ်လွတ်လွတ်လပ်လပ်ပဲလေ။စားစရာတွေလည်းအားမနားတမ်းပဲစားကြ ပြောစ
ရာတွေလည်းစိတ်ထဲရှိတာအကုန်ပြောကြပေါ့ ဒီထဲနောက်တတ်ဟာသဖောက်တတ်သူတစ်ယောက်ပါတော့
ပွဲဟာပိုပြီးစည်းကားသွားတော့တာပေါ့ ဒါလေးတွေကိုလွမ်းနေတယ်လို့ပြောချင်တာပါ။

No comments:

Post a Comment